Wednesday, 3 October 2007

Human's Poem

ငါတို့ လူသားတွေပါ။
ငါတို့ ပုခုံးနှစ်ဖက်ကြားက လက်ထွက်ပြီး
လုပ်ကိုင်စားလာတာပါ။

ငါတို့လူသားတွေပါ။
ငါတို့မှာ ကိုယ်ပိုင်ဦးနှောက် ကိုယ်စီနဲ့ပါ။

ငါတို့ လူသားတွေပါ။
ငါတို့မှာ လင်းလက်နေတဲ့ မျှော်လင့်ချက်တွေနဲ့
ရောင်နီဆီကို သွားနေတဲ့ ခြေလှမ်း၁စုံကိုလဲ
ပိုင်ဆိုင်ပါတယ်။

ငါတို့ လူသားတွေပါ။
အမြဲ တထိတ်ထိတ် ခုန်နေတဲ့ နှလုံးသားတစ်ခုနဲ့ပါ။

ငါတို့ လူသားတွေပါ။
ငါတို့ ပျော်ရွှင်ခြင်းကိုပဲ တောင့်တတာပါ။

ငါတို့ လူသားတွေပါ။
အမှားအမှန်ခွဲမြင်နိုင်တဲ့ မျက်လုံး၁စုံနဲ့ပါ။

ငါတို့ လူသားတွေပါ။
ငါတို့မှာ လွတ်လပ်စွာ တွေးတောနိုင်ခွင့်လဲ ရှိပါတယ်။

ငါတို့ လူသားတွေပါ။
ငါတို့မှာ ဟုတ်တိုင်းမှန်ရာ
ပြောနိုင်တဲ့ အခွင့်အရေးလဲ ရှိပါတယ်။

ငါတို့ လူသားတွေပါ။
အတွေးတွေကို ဘောင်ခတ်ချင်တဲ့
အောက်တန်းစားတွေကြောင့်
ငါတို့ သွေးတွေ စတေးခဲ့ရပါတယ်။

ငါတို့ လူသားတွေပါ။
သူတို့ မမြင်နိုင်ခဲ့တာက
ဘယ်နည်းနဲ့မဆို ရှင်သန်ကျန်ရစ်မဲ့
ငါတို့ စိတ်ဝိဥာဉ်ကိုပါ။

ငါတို့ လူသားတွေပါ။
နှလုံးသွေးနဲ့ ရေးခဲ့တဲ့ ငါတို့ သမိုင်းအတွက်
ငါတို့ အနာဂတ်တွေ တောက်ပချိန်ကို
တွေ့မြင်လာရတော့မှာပါ။

Sunday, 30 September 2007

ဒီလ စက်တင်ဘာ.....

ငါ မွေးဖွားကြီးပြင်းလာတဲ့ တိုင်းပြည်က အောက်တန်းစားခွေးတစ်အုပ်ကြောင့် သွေးစွန်းတဲ့လ....

ဘုန်းကြီးအရိပ်မြင်ရင်တောင် ကျော်မသွားရပဲ ရပ်ပေးရတဲ့ ယဉ်ကျေးတဲ့ လူမျိုးရဲ့ အယုတ်မာဆုံး

အတန်းအစားတွေ လူလုံးပြတဲ့ လ.......


ငါသေတဲ့အထိ မမေ့ဘူး။ ဘယ်တော့မှ ကမ္ဘာမကြေဘူး။

Friday, 10 August 2007

မှောင်နေဆဲ....

မနက်လင်းပြီ ချစ်သူ
နှင်းစက်တွေတောင် ...အရောင်ပြောင်းလို့...
တေးငှက်တွေလဲ....သံစုံကြူးပြီလေ။

အခန်းထဲမှာ...ငါတစ်ယောက်တည်း။။
ကော်ဖီတစ်ခွက် ဘေးမှာချလို့.....
တွေး၊ငေးနေတုန်း။။။။

တစ်နေ့ကုန်လို့...နောက်နေ့ရောက်လဲ
ငါ့မနက်ဖြန်က အရုဏ်မကျင်းသေးဘူး။။။။

မနက်တိုင်းမှာ ငါကြားနေကျ အိပ်မှုန်စုံမွှား
ဆည်းလည်းလေးလဲ ...... တိုးတိတ်နေပြီကွယ်။

Wednesday, 8 August 2007

ချစ်သူ့ ကဗျာ

ငါ့ညရဲ့ နာရီက တစ်နာရီကို အချက်ပေးတယ်။

ဒါပေမဲ့ ငါ ...မအိပ်သေးဘူး...ချစ်သူ......

ဖျားနာနေတဲ့ ငါ့နှလုံးသားက မင်းနာမည်ကို

အဖန်ဖန်ရွတ်လို့ ......လွမ်းနေတယ်။

မတူညီတဲ့ နေ့နဲ့ ညအကူး........မိုင်တွေအဝေးမှာ

ငါ့ချစ်သူ လမင်းအိပ်စက်နေမလား။။။။

အလွမ်းတွေ ပေါင်းစပ်ထုံကူးလို့ ရရင်

မင်းနှလုံးသား တံခါးပေါက်အရောက် ...လျှောက်လှမ်းလို့ရမဲ့

တံတားတစ်စင်းပဲ ဖြစ်ချင်ရဲ့ ။

မင်းခေါ်သံတွေ ကြားယောင်လာတယ်...

ဒါ အိပ်မက်လား......တကယ်လေလား။။။

မောဟိုက်လာတဲ့ ရင်အစုံကို ငြိမ်သက်သွားဖို့

လမင်းရဲ့ တေးသွား တိုးတိုးလေးသာ....

ငါ့ရင်ခွင်ရိုင်းချိန် ..ချုပ်ထိန်းနိုင်မဲ့

တစ်ခုတည်းသော......သံစဉ်ချိုလေ။

Saturday, 21 July 2007



wallpaper ...... အတွဲလေးတွေ....

Thursday, 21 June 2007

wallpaper (flower)




အပြောင်းအလဲလေးတွေ ကြိုက်သူများအတွက်။

chit thu phat phoe !!!

ချစ်သူ....

ငါ့ကမ္ဘာကို...နေရာတိုင်းမှာ.ဘယ်ကိုကြည့်ကြည့်..
နင့်ပုံရိပ်တွေနဲ့ ပြည့်နေအောင် လုပ်ခဲ့ပြီးမှ

ငါ့
ကမ္ဘာမှာ နင်နေမပျော်တော့...
နင့်စိတ်စေရာ....ပျော်နေနိုင်အောင်
ငါ ဘယ်လို စွမ်းဆောင်ပေးရမလဲ...ချစ်သူ။



Saturday, 16 June 2007

Poem!!!

ဒီကဗျာလေးက...အိမ်ကိုလွမ်းတုန်းကရေးထားတာပါ။ နဲနဲတော့ ကြာခဲ့ပြီ။

ဟိုးအဝေးက မြို့ငယ်လေး


မြို့လေးရေ......

အိပ်မောကျနေမလား။

ငါကတော့ အတွေးတွေနဲ့

ဗျာများနေတုန်းပဲ....

တိတ်ဆိတ်မှုတွေ ရှိနေပါတယ်
ဒါပေမဲ့ ခံစားရတာတော့ တခြားစီပဲ

မြို့လေးကို တွေးတိုင်းရရှိခဲ့တဲ့

စိတ်လုံခြုံမှုတွေကို

လွမ်းမောစွာနဲ့

ငါဟာ...ပုံရိပ်မျှားသူတစ်ယောက်ပါ

တကယ်တော့လဲ ပုံရိပ်ဆိုတာ

ရှာလေ ဝေးလေဆိုတာမျိုး မဟုတ်လား။





May May !!!!

ဟိုနေ့က..အိမ်ကို.ဖုန်းခေါ်ဖြစ်တယ်။အွန်လိုင်းကတစ်ဆင့်ဆိုတော့..အချိန်သိပ်မရတော့ ပိုက်ဆံပို့ရမဲ့
အကြောင်းကိုပဲ..မကြီးနဲ့ပြောပြနေရင်း...လိုအပ်တာတွေ လကုန်ပို့မယ်ဆိုတော့..လက်တစ်ဖက်ကကိုက်လို့ဆေးထည့်ပေးဖို့မှာတော့အမေ
တစ်ယောက်မြေးတွေနဲ့ အလုပ်ရှုပ်နေရာကနေ...အနားကို..ချက်ချင်းရောက်လာပါတယ်။

ဒါနဲ့ ဖုန်းပြောတော့...လက်အကြောင်းကိုပဲ..မေးနေတော့တာ။သူ့ကိုနေကောင်းလားလို့မေးတာ
ကိုပြန်မဖြေအားတော့ဘူး။နောက်ပြီး..ဘာစားချင်လဲတဲ့..ထုံးစံအတိုင်းပြန်ဖြေမိတာက အကုန်စားချင်တယ်လို့ပေါ့။ခုတလောစားချင်တာတော့..ကောက်ညှင်းပေါင်းစားချင်တယ်
်ဆိုတော့

အမေတစ်ယောက်..အသံတိတ်သွားခဲ့တယ်။ပို့ဖို့မဖြစ်နိုင်တာကို..သွားပြောလိုက်မိတယ်။
အမေ..စိတ်မကောင်းဖြစ်သွားအောင်..လုပ်မိခဲ့တယ်။
ခွင့်လွှတ်ပါ မေမေရယ်။

Thursday, 14 June 2007

ူlosing sense!!!


ရာသီဥတုကလဲ...ဘာဖြစ်နေလဲ မသိဘူး။
ခုဒီမှာလဲ မိုးတွေ အတော်ရွာနေတာ ဒီနေ့နဲ့ဆို ၃ရက်ရှိပြီ။
ပြီးခဲ့တဲ့ နှစ်ရက်ကတော့..အလုပ်မရှိတော့..မသိသာဘူး။
အပြင်ထွက်လဲ။ဒီနေ့တော့.အလုပ်နဲ့ အပြင်ထွက်ရတော့
လူက သိပ်စိတ်မပါဘူး။အေးတော့..အတော်အေးနေသား..
အပြင်မှာလေ။အရင်ကတော့..မိုးရွာထဲလမ်းကိုလျှောက်ချင်နေတာပဲ။
ဒီမှာတော့ မိုးရွာပေမဲ့ ရာသီဥတုကို ဘာဖြစ်နေမလဲဆိုတဲ့
အတွေးတွေ၊ကြည်နူးတဲ့ အတွေးကို မရှိတော့သလိုပါပဲ

disconnection

ဒီနေ့ နေ့ခင်းလောက်ပေါ့..ရုံးမှာ အလုပ်လုပ်တဲ့ အသိအစ်မတစ်ယောက် အွန်လိုင်းအရောက်ပါပဲ။
သူ အလုပ်များနေမှာစိုးလို့....နှုတ်မဆက်ဖြစ်သေးတုန်း..သူပြောလာတော့..အတော်ဖြစ်သွား
တယ်။
သူက ပြောတယ်။အိမ်ကို ဖုန်းဆက်ကြည့်ပေးမယ်တဲ့။ အိမ်ကို ဖုန်းဆက်ဖြစ်ဖို့ လိုနေသေးပေမဲ့ မဆက်ဖြစ်သေးဘူး။

အခု...သူလဲ ဆက်ပေးရော....ခေါ်လို့မရဘူးတဲ့..ဂျီအက်အမ်လိုင်းတွေ မိုးကြိုးပစ်ခံထားရလို့တဲ့။ကိုယ်မဆက်
ဖြစ်သေးတာပဲ..ခပ်ကောင်းကောင်းရယ်။။။။နို့မို့ဆို..... အသားလွတ် ခေါ်မရဘဲ...မန်းနီးတွေ လစ်အုန်းမယ်။

အိမ်ဖုန်းလဲ ဆက်ပေးရှာတယ် မရပါဘူး...သိနေပြီးသားလေ.....ဆယ့်နှစ်ရာသီ ရောဂါတက်နေသော အရာ
ပြပါဆိုရင်...သူပဲ။

Wednesday, 13 June 2007

animation



လှုပ်တုတ်လှုပ်တုတ်လေးတွေကို သဘောကျတဲ့ သူတွေအတွက်....

မနေ့ကသွားပြီး ကြည့်လာခဲ့တဲ့ လင့်လေးပါ။သိပြီးတဲ့သူတွေတော့ရှိမှာပါ

မသိသေးတဲ့သူတွေအတွက်ပါ။
http://thepixiepit.co.uk/index.htm
http://www.bigoo.ws/Images/angels-gif/1-1-1083.htm

Hello to all!!!


ီဒီနေ့မှစရေးမလို့ပါ။ အစ်ကိုမောင်လှဘလော့က သွားဖတ်လာပြီးတော့...မြန်မာလိုတော့
တိုက်လို့ရသွားပါပြီ။ဘလော့တွေကိုသွားသွားဖတ်ပြီး ရေးတတ်ချင်နေတာတော့..ကြာပြီပေါ့...
ခုတော့...အကောင်အထည်ဖော်လိုက်ပါပြီ။ကျွမ်းကျင်မှုမရှိတဲ့....အမှားတွေပါခဲ့မယ်ဆို...ကြိုပြီး
တောင်းပန်ထားပါရစေ။အားလုံးပဲ..ပျော်ရွှင်ပါစေ။

atwe lay twe pot>>>>


Here"" I"m* * * *

Psyche's Rhythm