ပြီးခဲ့တဲ့ တစ်ပတ်က ခရီးထွက်ခဲ့တယ်။အီဒင်ဘာရာကို သူငယ်ချင်းတစ်ယောက်နဲ့။ တစ်ညအိပ်ပါပဲ။ မိန်းကလေး
နှစ်ယောက်ထဲဆိုတော့ အွန်လိုင်းကနေပဲ အဆင်ပြေမယ်ထင်တာတွေ ဘိုကင်လုပ်ပြီး သွားတာပေါ့။ဘာပဲပြောပြောခရီးမသွားဖြစ်တာကြာပြီဆိုတော့ တက်ကြွမှုကတော့ အပြည့်ပေါ့။မိသားစုမပါဘဲ သူငယ်ချင်းနဲ့ ပထမဆုံးသွားဖူးတဲခရီးပါ။အမှတ်တရပဲပေါ့။
edinburgh ကို မနှစ်က ကျောင်းက ခရီးစဉ်အနေနဲ့ နေ့ချင်းပြန်သွားခဲ့တယ်။ ပြတိုက်နှစ်ခုနဲ့ မြို့ထဲ ပတ်ရုံလောက်
အချိန်ရခဲ့တယ်။အဲ့ကတည်းက မြို့ပုံစံလေးကို ကြိုက်ခဲ့တာ။သေသေချာချာကတော့ ခုမှပဲ လည်ရတော့တယ်။
တကယ်လဲ ရောက်ဖူးသင့်တဲ့ မြို့လေးပါပဲ။ခရီးသွားများတဲ့အချိန်မို့လို့ထင်တယ် အတော်လေး စည်တယ်။
naivechic တို့နေတဲ့ newcastleကနေဆို သိပ်မဝေးတဲ့အတွက် ဘတ်စ်ပဲ စီးသွားဖို့ လုပ်ထားတာပေါ့။ဈေးပေါ
တာလဲပါတာပေါ့။ ဘတ်စ်က ၂မျိုးရှိတာ နောက်တစ်ခုက အချိန်အဆင်မပြေတဲ့အတွက် တစ်ခါမှ မစီးဖူးတဲ့ မီဂါ
ဘတ်စ်ကိုပဲ ရွေးခဲ့ပါတယ်။ထုံးစံအတိုင်း ဈေးပေါတဲ့အတွက် သူတို့ပြုသမျှ နုရပါတယ်။ naivechic တို့က လည်ဖို့
အချိန်ရအောင် မနက်အစောဆုံကား ၅နာရီ ၄၀ ထွက်မှာကို ယူထားပါတယ်။ ဘတ်စ်စောင့်တဲ့နေရာကလဲ မြို့ထဲ
သွားတဲ့ ဘတ်စ်ဂိတ်လောက်တောင် မသားနားပါဘူး။စာရွက်နဲ့ပဲ အဖြစ်ရေးပြီး တိုင်မှာ ကပ်ထားတာပါ။
naivechic တို့နှစ်ယောက်ကလဲ ၀ီရိယကြီးပြီး ၅နာရီ ၂၀ကတည်းက ရောက်နေပါပြီ။ ကားဂိတ်မှာ ခရီးသွား
ဆိုလို့ ကိုယ်နှစ်ယောက်ပဲရှိပါတယ်။ naivechic တို့လဲ ဟုတ်သေးရဲ့ လားဆိုပြီး ယောင်ဝါးဝါးဖြစ်တာပေါ့။ အိမ်ပြန်
ပြီး အိပ်ရတဲ့ အဖြစ်ရောက်မှာလဲ စိုးရိမ်နေကြသေးတယ်။မလာသေးပါဘူး ကားကတော့ တခြားခရီးသည် ၂ယောက်စ ၃ယောက်စကိုလဲ မြင်နေရပါပြီ။ထိုင်စရာခုံတန်းလဲမရှိတဲ့အတွက် မတ်တပ်ရပ်ရတာလဲ ညောင်းလာ
ပြီး နေရောင်ထွက်စပြုနေပေမဲ့ လေကတိုက်နေတော့ နဲနဲလဲ အေးလာတာပေါ့။
၅နာရီ ၄၀- ကားကတော့ အရိပ်အယောင်တောင် မတွေ့သေးပါ။လူတွေလဲ လှုပ်စိလှုပ်စိဖြစ်နေကြပါပြီ။ နောက်
၁၀မိနစ်လောက်ကြာမှ ပေါ်တော်မူလာပါတယ်။အားလုံးလဲ သက်ပြင်းချပြီး စိတ်အေးရမယ် ထင်ရုံပဲ ရှိသေးတယ်။
ကားက မှတ်တိုင်နားထိ မရောက်ပဲ ခပ်လှမ်းလှမ်းမှာ ရပ်ပြီး ကားမောင်းတဲ့ သူက ပီကေလေးဝါးပြီး စိတ်အေး
လက်အေးနဲ့ လျှောက်လာပါတယ်။ဒေါသထွက်ပေမဲ့ ဒီတိုင်းပဲ စောင့်နေလိုက်ပါတယ်။ သူကပြောပါတယ်။
naivechic တို့ စီးရမဲ့ကားက မလာသေးပါဘူးတဲ့။ နောက် ၁၅-၂၀ မိနစ်လောက်နေမှ လာပါမယ်တဲ့။ အေးရင်
သူ့ကားပေါ်တက်နေလို့ ရပါတယ်တဲ့။ naivechic တို့လဲ သူပြောတာ နှစ်ယောက်သား နားလည်သလောက် မှတ်သားပြီး ဘူတာရုံထဲ ၀င်ပြီး အလုပ်က လူတွေကို နှုတ်ဆက်မယ်ဆိုပြီး ဆိုင်ဖွင့်ဖို့ ပြင်နေတဲ့ ကုလားလူကြီး
နှစ်ယောက်ကို အော်ဟစ်နှုတ်ဆက်ပြီး ၀ိတ်လျှော့ပြီး ပြန်လာတော့ စီးရမဲ့ ကားကရောက်နေပါပြီ။ဒါနဲ့ပဲ ကားပေါ်
တက်တော့ နေရာလွတ် သိပ်မရှိပါဘူး။ကားကလဲ အနံ့ထွက်နေပါတယ်။ ခရီးသည်အားလုံးနီးပါးကလဲ အိပ်နေပုံ
ပါပဲ။ ကြည့်ရတာ လန်ဒန်ကနေလာတဲ့ ကားနဲ့တူပါတယ်။ နှစ်ယောက်စလုံးအတူ ထိုင်ခုံရှာမတွေ့ပါဘူး။ဘေးချင်း
ယှဉ်ထိုင်ခုံလဲ မရပါဘူး။ တချို့ ကလဲ တစ်ခုံကို အပြည့်အိပ်နေတော့ ထိုင်စရာမရဘူးဖြစ်နေတာ။နောက်ဆုံးတော့
သူငယ်ချင်းက အိပ်နေတဲ့ ကုလားဘေးမှာ လွတ်တော့ အဲ့မှာနေရာရပါတယ်။ ဒါနဲ့ သူနဲ့ ရှေ့ ခုံ တခြားခြမ်းမှာ အိပ်
နေတဲ့ ကောင်မလေးက အနားသွားရပ်တော့ သူက သူ့အထုပ်တွေ ဖယ်ပေးတာနဲ့ နေရာရပါတယ်။
naivechic တို့လဲ ကိုယ်က ပြတင်းပေါက်ဘေးထိုင်ပြီး ဟိုကြည့်ဒီကြည့် လုပ်ပြီး မုန့်စား စကားများမဲ့ စိတ်ကူးက
ဆပ်ပြာပူဖောင်းလို ပျောက်သွားတာပေါ့။ နောက်ပြီး တက်လာတဲ့ အထဲမှာ naivechic တို့နှစ်ယောက်ပဲ တက်ကြွ
လန်းဆန်းနေတာ ခုလို အခြေအနေထဲ ရောက်သွားတော့ လူက ဘယ်လိုမှ မပျော်ရွှင်ပါဘူး။အားလုံးကလဲ စတိုင်
မျိုးစုံနဲ့ကို ငိုက်မျဉ်းနေကြပါတယ်။
(ဆက်ရန်)