Friday, 10 August 2007

မှောင်နေဆဲ....

မနက်လင်းပြီ ချစ်သူ
နှင်းစက်တွေတောင် ...အရောင်ပြောင်းလို့...
တေးငှက်တွေလဲ....သံစုံကြူးပြီလေ။

အခန်းထဲမှာ...ငါတစ်ယောက်တည်း။။
ကော်ဖီတစ်ခွက် ဘေးမှာချလို့.....
တွေး၊ငေးနေတုန်း။။။။

တစ်နေ့ကုန်လို့...နောက်နေ့ရောက်လဲ
ငါ့မနက်ဖြန်က အရုဏ်မကျင်းသေးဘူး။။။။

မနက်တိုင်းမှာ ငါကြားနေကျ အိပ်မှုန်စုံမွှား
ဆည်းလည်းလေးလဲ ...... တိုးတိတ်နေပြီကွယ်။

Wednesday, 8 August 2007

ချစ်သူ့ ကဗျာ

ငါ့ညရဲ့ နာရီက တစ်နာရီကို အချက်ပေးတယ်။

ဒါပေမဲ့ ငါ ...မအိပ်သေးဘူး...ချစ်သူ......

ဖျားနာနေတဲ့ ငါ့နှလုံးသားက မင်းနာမည်ကို

အဖန်ဖန်ရွတ်လို့ ......လွမ်းနေတယ်။

မတူညီတဲ့ နေ့နဲ့ ညအကူး........မိုင်တွေအဝေးမှာ

ငါ့ချစ်သူ လမင်းအိပ်စက်နေမလား။။။။

အလွမ်းတွေ ပေါင်းစပ်ထုံကူးလို့ ရရင်

မင်းနှလုံးသား တံခါးပေါက်အရောက် ...လျှောက်လှမ်းလို့ရမဲ့

တံတားတစ်စင်းပဲ ဖြစ်ချင်ရဲ့ ။

မင်းခေါ်သံတွေ ကြားယောင်လာတယ်...

ဒါ အိပ်မက်လား......တကယ်လေလား။။။

မောဟိုက်လာတဲ့ ရင်အစုံကို ငြိမ်သက်သွားဖို့

လမင်းရဲ့ တေးသွား တိုးတိုးလေးသာ....

ငါ့ရင်ခွင်ရိုင်းချိန် ..ချုပ်ထိန်းနိုင်မဲ့

တစ်ခုတည်းသော......သံစဉ်ချိုလေ။

atwe lay twe pot>>>>


Here"" I"m* * * *

Psyche's Rhythm