နတ်ဆိုးတွေ ကခုန်တဲ့ နေ့
ရှင်သန်ခြင်းအတွက်
ကူကယ်ရာမဲ့ရင်း
မိုးတွေကြားမှာ
ရင်သွေးငယ်တွေ ထွေးပိုက်ရင်းနဲ့
အသက်စတေးခဲ့တဲ့ မိခင်တွေ
တစ်ယောက်လက် တစ်ယောက်ဆုပ်ရင်း
မျောလွင့်ရတဲ့ အသက်မဲ့ကိုယ်လေးတွေ
မိသားစုကို ဦးဆောင်ရင်းနဲ့ သေဆုံးသွားတဲ့ ဦးကြီးတွေ
လေရူးကြောင့် ဟိုတင်ဒီညပ်နဲ့ အသဲခိုက်အောင် နာကျင်ပြီး ထွက်သွားခဲ့ရတဲ့ ၀ိဥာဉ်တွေ
သေဆုံးသွားလဲ ဘ၀ကူးဖို့အရေး ရေးရေးတောင်မမြင်ရသေးတဲ့
ရေမျောကိုယ်တွေ နေရာတိုင်းမှာ ဗောလောပေါ်လို့
ရှင်သန်နေလဲ အသိမဲ့ မျက်လုံးတွေ
ခံစားရတာ မချိလွန်းလို့ နာကျင်နေတဲ့ နှလုံးသားတွေ
အသက်နဲ့ကိုယ် တည်မြဲနေလဲ ငတ်မွတ်နေဆဲ လူသားတွေ
ရှင်လျှက်နဲ့ လောကငရဲ ခံစားရအောင် ဖန်တီးထားတဲ့ အာဏာရူးတွေ
ဒီမြေမှာ ရှိနေလျက်နဲ့ ဒီအပူကိုတွေ့နေလျက်နဲ့ နေစိမ့်သူတွေ
ဘယ်လိုနိဂုံး သင်ကြုံမှာလဲ မတွေးတောပဲ ရူးဇာတ်ခင်းရင်း
ကိုယ်ကိုကိုယ် အဟုတ်ထင်နေသူ တသိုက်.... ဒင်းတို့အလှည့်
အနှေးအမြန် ရောက်လာလိမ့်မည်။ ရောက်ပါတော့မည်။
Friday, 9 May 2008
Subscribe to:
Posts (Atom)